ဆင်ပုန်းကမ်းခြေနှင့်ဆင်ပုန်းဂူဝကမ်းခြေ

SinBone Beach
ဓါတ်ပုံ - ကိုကျော်သူဟိန်း (ZA RA MAN)

ဆင်ပုန်းဂူဘုရား

ကျိုက္ခမီမြို၏ တောင်ဘက်၊ ကျိုက္ခမီရေလယ်ဘုရားကြီး၏ အရှေ့တောင်ဘက်တွင် ဆင်ပုန်းဂူနှင့် ဆင်ပုန်းဂူဘုရားရှိလေသည်။ ထိုနေရာ၌ သစ်ပင်ကြီးများ အုပ်ဆိုင်းလျက် ဘုရားဖူးဧည့်သည်များနှင့် ခရီးသွားများ စိတ်အေးချမ်းသာစေရန် နတ်များဖန်တီးထားသကဲ့သို့ ရှုမောဖွယ်ရာ ကောင်းလှပေသည်။ ကုန်းမြေနှင့် တစ်ဆက်တစ်စပ်ရှိ၍ ပင်လယ်ထဲသို့ ထိုးထွက်နေသော ကျောက်ဆောင်ပေါ်တွင် ဘုရားကိုတည်ထားရာ တစ်မျိုးတစ်ဘာသာ ထူးခြားလှပနေသည်။ ဘုရား၏နံဘေးတွင် အာရုံခံတန်ဆောင်းနှင့် ရုပ်ပွားတော်များ၊ ဘုန်းတော်ကြီးကျောင်းနှင့် ဇရပ်များရှိသည်။ ဘုရားရင်ပြင်ပေါ်မှ ပင်လယ်သို့ ရှုကြည့်လိုက်လျှင် အလွန်တရာ လှပဆန်းကြယ်သော ဆေးရောင်စုံပန်းချီကားကြီးတစ်ချပ်သဖွယ် ပင်လယ်ပြင်၏ ရှု့ခင်းအလှကို မြင်ရမည်ဖြစ်သည်။ ဘုရား၏ ခပ်လှမ်းလှမ်းတွင် ဆေးဖိုကျွန်မီးပြတိုက်နှင့် မနီးမဝေး သောင်ပြင်ပေါ်ရှိ ကျောက်တုံးကြီးပေါ်တွင်မူ စေတီငယ်တစ်ဆူကိုလည်း လှမ်းမြင်ရပေမည်။

ဤဆင်ပုန်းဂူနှင့်ဘုရားသည် လွန်လေပြီးသော အတိတ်က ကြီးကျယ်ထင်ရှားသော သမိုင်းဟောင်းများ ရှိခဲ့သည်။ အလောင်းတော် ဆဒ္ဒန်ဆင်မင်း ကျက်စားစံပျော်ခဲ့ရာနေရာဟောင်းဖြစ်လည်းကောင်း၊ ဈာန် အဘိညာဉ်ရ ရသေ့၊ ရဟန်း၊ ၀ိဇ္ဇာ၊ ဇော်ဂျီများ နေထိုင်ခဲ့သည့် သမိုင်းဝင်ဂူအဖြစ်လည်းကောင်း၊ စိတ်ကောင်း စေတနာကောင်းရှိသည့် ကျိုက္ခမီမြို့သူ- မမင်းသိန်-ဥစ္စာစောင့်၏ သိုက်နန်းအဖြစ်လည်းကောင်း လူသိများကျော်ကြားလျက် ရှိသည်။
ရေလယ်ဘုရားကမ်းခြေမှ သိမ်ချောင်းကမ်းခြေသို့တစ်လျှောက်ဆက်လက်သွားလျှင် ဆင်ပုန်းကမ်းခြေနှင့် ဆင်ပုန်းဂူဝကမ်းခြေသို့ရောက်ရှိလာမည် ဖြစ်သည်။
လမ်းလျှောက်ကြာချိန်မှာ မိနစ်၂၀ခန့်ကြာပါမည်။ တည်နေရာ - အောင်ပင်လယ်ရပ်ကွက်

Credit to "ကျိုက္ခမီမြို့ ရေလယ်ဘုရားကြီးသမိုင်း" စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်သည်။
ကျိုက္ခမီမြို့သူကျောင်းဆရာမ မသန့်ဇင်ဦး အကူအညီဖြင့် ကိုလင်းနိုင်ဦး စာပြန်ရိုက်ကူးဖော်ပြခြင်းဖြစ်သည်။


ဆင်ပုန်းကမ်းခြေသည် ကျိုက္ခမီမြို့သူ မြို့သားများအတွက်အဓိက ငါးအများဆုံးရရှိသည့် ရေလုပ်ငန်းနေရာတစ်နေရာဖြစ်ပါသည်။ ငါးနပ် ငါးနပ်ခြောက်၊ ငါးပြားလေး၊ ရွှေငါးရောင်၊ ငါးပျက်၊ ပုဇွန်၊ စသည့်ငါးအများဆုံး ရရှိသည့် ကမ်းခြေတစ်နေရာလည်းဖြစ်သည်။
ရေလယ်ဘုရားမှ ဆင်ပုန်းကမ်းခြေသို့ ဆိုင်ကယ်ဖြင့်သွားလျှင် ၁၀မိနစ်လောက်သာ ကြာပါသည်။
(By Admin)

လှပသောကျိုက္ခမြို့ရဲ့ နောက်ကွယ်ကအလှဆင်သူဆင်ပုန်းလှေထိုးသား ဘဝဝမ်းစားထက်ဘဝကိုလောင်းကြေးထက် ပင်လယ်ထဲစွန်းစား သွားရဲသူ တစ်ထောင့်တစ်နေ့ရာက ကူညီအားဖြည့်ပေးနေသော ထိုတံငါးတို့ရဲ့ဆင်ပုန်းကမ်းခြေ
(By ကိုကျော်သူဟိန်း (ZA RA MAN))


SinBone Beach
ဓါတ်ပုံ - ကိုကျော်သူဟိန်း (ZA RA MAN)
SinBone Beach
ဓါတ်ပုံ - ကိုကျော်သူဟိန်း (ZA RA MAN)
SinBone Beach
ဓါတ်ပုံ - ကိုကျော်သူဟိန်း (ZA RA MAN)
SinBone Beach
ဓါတ်ပုံ - ကိုကျော်သူဟိန်း (ZA RA MAN)
SinBone Beach
ဓါတ်ပုံ - ကိုကျော်သူဟိန်း (ZA RA MAN)
SinBone Beach
ဓါတ်ပုံ - ကိုကျော်သူဟိန်း (ZA RA MAN)
SinBone Beach
ဓါတ်ပုံ - ကိုကျော်သူဟိန်း (ZA RA MAN)
SinBone Beach
ဓါတ်ပုံ - ကိုကျော်သူဟိန်း (ZA RA MAN)
SinBone Beach
ဓါတ်ပုံ - ကိုကျော်သူဟိန်း (ZA RA MAN)
SinBone Beach
ဓါတ်ပုံ - ကိုကျော်သူဟိန်း (ZA RA MAN)

ရေလယ်ဘုရားသမိုင်းရုပ်ပြပုံတစ်ချို့

ဓါတ်ပုံ - ကျော်သူဟိန်း (ZA RA MAN)